UOM Conversion Factor

UOM သည် အရာတစ်ခုအား တိုင်းတာသည့် ယူနစ်တစ်ခုဖြစ်သည်။

ပုံမှန်အားဖြင့်၊ ERPNext တွင် ဖန်တီးထားသော UoM အများအပြားရှိသည်။ သို့သော် လုပ်ငန်းအသုံးပြုမှုအခြေအနေပေါ်မူတည်၍ နောက်ထပ်UOMများထပ်မံထည့်သွင်းနိုင်သည်။ UOM တွင်ပြောင်းလဲနိုင်သောယူနစ်များအား UOM Conversion Factor တွင်ထည့်သွင်းထားနိုင်သည်။

ဥပမာ- 1viss(ပိဿာ)တွင် 1.63293 kg ရှိပါက ထို unit အား UOM Conversion Factor တွင်ထည့်သွင်းထား နိုင်သည်။
  • Conversion Unit ထည့်သွင်းလိုပါက Stock ၏ Setting အောက်မှ UOM Conversion Factor ကိုနှိပ်ပါ။

  • Conversion Unit အသစ်ထည့်သွင်းရန် Add UOM Conversion Factor ကိုနှိပ်ပါ။


  • Category တွင် တိုင်းတာမည့် unit အမည်ထည့်သွင်းပါ။ ဥပမာ (volumn၏ UOM ထည့်သွင်းမည်ဆိုပါက volumn ကိုရွေးချယ်ပါ။/ mass၏ UOM ထည့်သွင်းမည်ဆိုပါက mass ရွေးချယ်ပါ။)

  • From/to တွင် ထည့်သွင်းမည့် UOM အမည် ရွေးချယ်ပါ။

  • Value တွင် သတ်မှတ်မည့် conversion factor ထည့်သွင်းပါ။


  • Save နှိပ်ပါ။


  • ထည့်သွင်းလိုက်သော UOM Conversion Factor အား Conversion Factor list တွင်တွေ့မြင်ရမည်။


Was this article helpful?

On this page