Item-wise Sales Register Report

လုပ်ငန်း အနေဖြင့် Sales Invoice အရ မည်သည့် ကုန်ပစ္စည်း အမျိုးအစားများကို မည်သည့် ဈေးနှုန်းဖြင့် အရေအတွက် မည်မျှ ရောင်းချထားသည်ကို အသေးစိတ် သိရှိလိုပါက Item-wise Sales Register Report တွင်ကြည့်ရှုနိုင်ပါသည်။

  • Search Bar မှ Item-wise Sales Register Report ကိုရိုက်ရှာနိုင်ပါသည်။

  • လုပ်ငန်းမှ ရောင်းချထားသည့် ကုန်ပစ္စည်း အမျိုးအစား၊ အရေအတွက်၊ ဈေးနှုန်းတို့ကို အသေးစိတ်တွေ့ရပါသည်။

  • From Date/To Date တွင် မိမိကြည့်ရှုလိုသည့် ကာလအပိုင်းအခြားကို ရွေးချယ်ကြည့်ရှုနိုင်သည့် အပြင် Group By တွင် Customer, Item Group, Item, Invoice အလိုက် ရွေးချယ်ကြည့်ရှုနိုင်ပါသည်။

  • Customer, Item Group, Item, Invoice အလိုက် Group By လုပ်၍ကြည့်ရှုပါက သက်ဆိုင်ရာ Transaction များကို Group အနေဖြင့် ဖော်ပြပေးခြင်းဖြစ်ပါသည်။

  • အစက်သုံးစက် Menu ကိုနှိပ်၍ PDF File, Print, Excel Export ထုတ်၍လည်းကြည့်ရှုနိုင်ပါသည်။

  • မိမိထုတ်ကြည့်လိုသည့် PDF, Print, Export ကိုနှိပ်ပါ။

  • PDF File နှင့် Print ထုတ်ကြည့်ရာတွင် Pick Columns ကိုနှိပ်၍လိုအပ်သည့် Columns များထပ်တိုးကြည့်ရှုနိုင်ပါသည်။
Was this article helpful?

On this page