Billable Expenses


Customer အရောင်းစာရင်းသွင်းရာတွင် အကြောင်းအမျိုးမျိုးကြောင့် မိမိလုပ်ငန်းဘက်မှစရိတ်ငွေ စိုက်ပေးခဲ့သည်ရှိပါက  ရရန်ရှိ ဖော်ထားပြီး ထို customer ဘက်မှ ငွေချေပါက ထိုစရိတ်ကိုပါ တခါထဲ ပေါင်းကောက်မည့် ပုံကို စာရင်းသွင်းလိုပါက .......

1. Journal Entry မှတဆင့်ရရန်ရှိ ဖော်ထားခြင်း

  • Posting Date တွင်ငွေစိုက်ပေးလိုက်ရသော Date ကိုရွေးပါ။ရရန်ရှိဖော်မည်ဖြစ်သောကြောင့် Debtor (Receiveable account) ကိုရွေးပါ။

  • Party တွင် customer name ကိုရွေး၍ စိုက်ပေးလိုက်ရသော ငွေ amount ကို Debit ဘက်တွင်ထည့်ပါ။

  • မိမိဘက်မှ ငွေစိုက်ပေးလိုက်ရသောကြောင့် cash account credit ဘက်တွင်စိုက်ပေးလိုက်ရသော ငွေ amount ကိုထည့်ပါ။

  • User Remark ထည့်၍ Save ကိုနှိပ်ပြီး customer Ledger စစ်ဆေးကြည့်ပါ။ ရရန်ရှိတွင် ထိုစိုက်ပေးလိုက်ရသော‌ amount ပြပေးနေမည်ဖြစ်သည်။



2. Payment Entry မှ တဆင့် စိုက်ပေးထားသောစရိတ်ငွေပြန်လည်တောင်းခံခြင်း

Customer ဘက်မှငွေလာချေပါက စိုက်ပေးထားသောစရိတ်ကျသင့်ငွေကို ကောက်ယူလိုပါက Payment Entry မှတဆင့် Add payment Entry ကို နှိပ်ပါ။

  • Posting Date ရွေးပါ။

  • Payment Type တွင် receive ကိုရွေးပါ။

  • Mode of Payment တွင် cash book ကိုရွေးပါ။

  • Party Type တွင် Customer ကိုရွေးချယ်ပါ။

  • Party တွင် Customer Name ကိုရွေးချယ်ပါ။


Paid Amount တွင် စရိတ်စိုက်ပေးထားသောငွေ amount ကို ထည့်ပါ။

  • Reference အောက်ရှိ Get Outstanding Invoice ကိုနှိပ်၍ ‌‌‌ငွေချေလိုသော Invoice သို့ Journal ကိုရွေးပါ။

  • Save & Submitt ကိုနှိပ်၍ စိုက်ပေးငွေ ပြန်လည်တောင်းခံပုံကိုစာရင်းသွင်းနိုင်ပါသည်။


Was this article helpful?

On this page