Multi UOM
Stock UOM သတ်မှတ်ခြင်း (Mutiple UOM)
ERPNext တွင် Item တစ်ခုခြင်းစီ၏ မတူညီသော item Unit များအားသတ်မှတ်နိုင်ပါသည်။
ဥပမာ- ဆေးရောင်းချသည့်ကုမ္ပဏီသည် ဆေးတစ်မျိုးလျှင် tablet / card / box စသည့် UOM မျိုးစုံရှိပြီး ထိုဆေးအားဝယ်ယူသည့်အခါတွင် UOM တစ်မျိုးဖြစ်ပြီး ရောင်းချသည့်အခါတွင် UOM အမျိုးမျိုးဖြင့်ရောင်းချခြင်းရှိပါက ထို UOM အမျိုးမျိုးအားသတ်မှတ်နိုင်ပါသည်။
Multi UOM သတ်မှတ်ရန်အတွက်
Stock > Item and Pricing > Item
Item ထည့်သွင်းနည်း
- Item ထည့်သွင်းရာတွင် Default unit of measure တွင် ထည့်သွင်းသည့် Item အား stock စာရင်းများစစ်ဆေးရာတွင် အမြဲတမ်းမြင်လိုသည့် Unit အားထည့်သွင်းနိုင်ပါသည်။ (ဥပမာ - paracetamol item အား stock များစစ်ဆေးရာတွင် tablet ဖြင့်စစ်ဆေးမည်ဖြစ်ပါက default unit of measure တွင် tablet အားထည့်သွင်းရမည်ဖြစ်ပါသည်။)
* Inventory အောက်မှ Units of Measure အောက်၏ UOM တွင် default uom တွင်မသတ်မှတ်ထားသော uom အားသတ်မှတ်ပါ။
+ Multi uom သတ်မှတ်ရာတွင် Default unit of measure တွင်သတ်မှတ်ထားသော uom သည် unit အသေးဖြစ်ပြီး multi uom သတ်မှတ်မည့် unit များသည် unit အကြီးဖြစ်ပါက Conversion Factor အားတိုက်ရိုက်ထည့်သွင်းနိုင်ပါသည်။
+ Multi uom သတ်မှတ်ရာတွင် Default unit of measure တွင်သတ်မှတ်ထားသော uom သည် unit အကြီးဖြစ်ပြီး multi uom သတ်မှတ်မည့် unit များသည် unit အသေးဖြစ်ပါက Conversion Factor အား စား၍ ထည့်သွင်းရမည်ဖြစ်ပါသည်။
* Add Row နှိပ်၍ Other UOM များ ထပ်မံသတ်မှတ်နိုင်ပါသည်။