Material Transfer
လုပ်ငန်းတွင် ကုန်ပစ္စည်းသိုလှောင်သည့်နေရာ တစ်ခုထက်ပို၍ ရှိပါက သိုလှောင်သည့်နေရာ Warehouseတစ်ခု မှ အခြား Warehouseတစ်ခု သို့ ပြောင်းရွှေ့ရန် အတွက် Material Transfer ကို အသုံးပြုနိုင်ပါသည်။
Home > Stock > Stock Transactions > Stock Entry
- Add Stock Entry ကိုနှိပ်ပါ။
Stock Entry Type တွင် ကုန်ပစ္စည်း လွှဲပြောင်းမည်ဖြစ်သောကြောင့် Material Transfer ကိုရွေးချယ်ပါ။
Posting Date တွင် လွှဲပြောင်းမည့် နေ့ကို ရွေးချယ်ပါ။
Default Source Warehouse တွင် ကုန်ပစ္စည်း ထုတ်ပေးရမည့် Warehouse ကို ရွေးချယ်ပေးရမည်။
Default Target Warehouse တွင် ကုန်ပစ္စည်းကို လက်ခံထားရှိမည့် Warehouse ကို ရွေးချယ်ပေးရမည်။
Item အောက်မှဇယားတွင် Item Code တွင် လွှဲပြောင်းမည့် ကုန်ပစ္စည်းအမျိုးအစားကို ရွေးချယ်ပါ။
Qty တွင် လွှဲပြောင်းမည့် အရေအတွက်ကို ထည့်သွင်းပါ။
Inventory Transfer လုပ်ရာတွင် အခြားသော ကုန်စရိတ်များရှိပါက Additional Costs တွင် ကုန်ကျစရိတ်များ ထည့်သွင်း သတ်မှတ်နိုင်ပါသည်။
Add Row ကိုနှိပ်၍ Expense Account တွင် အသုံးစရိတ်ကျခံမည့် Account ကိုရွေးချယ်ပေးရမည်။
Description တွင် မှတ်ချက်များ ရေးသားနိုင်သည်။
Amount တွင် စရိတ် ကျသင့်ငွေ Amount ကို ထည့်သွင်းပေးရမည်။
Save, Submit လုပ်ပါ။
- View ကိုနှိပ်၍ Stock Ledger ကို စစ်ဆေး ကြည့်နိုင်ပါသည်။
Warehouse အလိုက် ကုန်ပစ္စည်း အဝင်အထွက် အရေအတွက်ကို တွေ့မြင်ရပါမည်။
Additional Cost များထည့်သွင်းခဲ့သောကြောင့် Item ၏ Valuation Rate များပြောင်းလဲသွားသည်ကို တွေ့မြင်ရပါမည်။