Sales Invoices

လုပ်ငန်းမှ ပစ္စည်းများရောင်းချထားမှုများအတွက် အရောင်းဘောင်ချာများ ထည့်သွင်းရန်လိုအပ်ပါသည်။

အရောင်းဘောင်ချာများ ထည့်သွင်းမှသာလျှင် လုပ်ငန်းမှ ရရန်ရှိစာရင်းများကျန်ရှိပါက ရရန်ရှိ Report တွင် စစ်ဆေးနိုင်မည်ဖြစ်ပါသည်။

အရောင်းဘောင်ချာများ ထည့်သွင်းရန်အတွက် Selling Module ထဲမှ Sales Invoice ထဲကိုဝင်ပါ။

  • အရောင်းစာရင်း ထည့်သွင်းရန်အတွက် Add Sale Invoice ကို နှိပ်ပါ။

  • Customer တွင် ပစ္စည်းလာဝယ်သည့် Cusotmer ကိုထည့်သွင်းပါ။

  • အရင်နေ့မှရောင်းထားသောဘောင်ချာအတွက် စာရင်းပြန်ထည့်ခြင်းဖြစ်ပါက Edit Posting Date and Time တွင် အမှန်ခြစ်ထည့်၍ Date နေရာတွင် ပစ္စည်းရောင်းခဲ့သည့်ရက်ကိုထည့်သွင်းပေးရပါမည်။

  • ရောင်းချသည့်အချိန်တွင် ကုန်ပစ္စည်းတစ်ခါတည်း ထုတ်ပေးလိုက်ခြင်းဖြစ်သည့်အတွက် Update Stock တွင်အမှန်ခြစ်ထည့်ပေးရပါမည်။

  • Source Warehouse တွင် မိမိပစ္စည်းထုတ်ပေးမည့် သက်ဆိုင်ရာ Warehouse ကိုထည့်သွင်းပေးရပါမည်။

  • Item နေရာတွင် ရောင်းချလိုက်သည့် ကုန်ပစ္စည်းကိုထည့်သွင်းရပါမည်။

  • Qty နေရာတွင် ရောင်းလိုက်သည့် ကုန်ပစ္စည်း၏ အရေအတွက်ကို ထည့်သွင်းရပါမည်။

  • Rate နေရာတွင် ကုန်ပစ္စည်း၏ ရောင်းဈေးတန်ဖိုးကို ထည့်သွင်းပေးရပါမည်။

  • နောက်ထပ် ရောင်းရသည့်ကုန်ပစ္စည်းများရှိပါက Add Row ကိုနှိပ်၍ ထည့်သွင်းပေးရပါမည်။

  • ထို့နောက် Save >> Submit >> Yes ကိုနှိပ်ပါ။

  • ထည့်သွင်းလိုက်သော အရောင်းဘောင်ချာကို Sales Invoice List တွင်အောက်ပါအတိုင်း တွေ့ရပါမည်။

  • Customer မှကုန်စ္စည်းအတွက် ငွေပေးချေသွားသည်ကို Payment စာရင်းထည့်သွင်းရန်အတွက် သက်ဆိုင်ရာအရောင်းဘောင်ချာထဲကို ဝင်ပါ။

  • ငွေလက်ခံရန်အတွက် Create ကိုနှိပ်၍ Payment ကိုနှိပ်ပါ။

  • Posting Date တွင် Customer မှ ငွေရှင်းသွားသည့် ရက်ကိုထည့်သွင်းရပါမည်။

  • Mode of Payment တွင် ငွေလက်ခံမည့် Cash Book ကိုရွေးချယ်ပေးရပါမည်။

  • Paid Amount တွင် Customer မှငွေပေးသည့် ပမာဏကိုထည့်သွင်းပါ။

  • ထို့နောက် Save >> Submit >> Yes ကိုနှိပ်ပါ။

  • Customer မှ ငွေရှင်းလိုက်သည်ဖြစ်သည့်အတွက် Sales Invoice ၏ Status သည် Paid ဖြစ်သွားသည်ကို အောက်ပါအတိုင်း တွေ့ရပါမည်။

Discard
Save
Was this article helpful?

On this page