Selling Asset
Fixed Assets ရောင်းချမှုအားစာရင်းသွင်းခြင်း (Selling an Asset)
လုပ်ငန်းတွင် ရှိသော ပုံသေပိုင်ပစ္စည်းများကို ရောင်းချမည်ဆိုပါက အောက်ပါအတိုင်းစာရင်းထည့်သွင်းနိုင်ပါသည်။
- လုပ်ငန်းတွင်ရှိသော ပုံသေပိုင်ပစ္စည်းကိုရောင်းချမည်ဆိုပါက Asset ထဲကိုဝင်ပါ။
- Asset တွင် စာရင်းသွင်းထားသော Asset ပစ္စည်းစာရင်းကိုအောက်ပါအတိုင်း တွေ့ရပါမည်။
- လုပ်ငန်းမှ ပြန်လည်ရောင်းချလိုသော Asset ထဲကိုဝင်ပါ။
* Manage ကိုနှိပ်ပါ။
* Sell Asset ကိုနှိပ်ပါ။
* New Sales Invoice တစ်စောင်ကျလာပါမည်။ * Asset ဝယ်ယူသော Customer Name ကိုထည့်ပေးရပါမည်။ * Date နှင့် Posting Time တွင်အချိန်ပြောင်းလိုပါက Edit Posting Date and Time တွင်အမှန်ခြစ်ထည့်ပြီးပြောင်းလို့ရပါမည်။
* Item တွင် Customer ဝယ်ယူသော Asset Item ကိုထည့်ပါ။ * Qty တွင် Customer ဝယ်ယူသော အရေအတွက်ကို ထည့်ပါ။ * Rate တွင် ရောင်းချမည့် Asset ၏တန်ဖိုးကို ထည့်ပါ။ * Save ကိုနှိပ်ပါ။
* View ကိုနှိပ်ပြီး Accounting Ledger ကိုစစ်ဆေးကြည့်နိုင်ပါသည်။
* Asset List တွင်ကြည့်ပါကလည်း ရောင်းချလိုက်သော Asset ၏ Status တွင် Sold ဟုပြောင်းသွားသည်ကို အောက်ပါအတိုင်း တွေ့ရပါမည်။