Share Investment
ERPNext တွင် ရှယ်ယာရှင်မှတ်တမ်း၊ ရှယ်ယာရှင်များပိုင်ဆိုင်သည့် အစုရှယ်ယာများနှင့် ထည့်ဝင်ရမည့်ငွေ၊ ထည့်ဝင်ပြီးငွေများအား စာရင်းရေးသွင်းနိုင်ပါသည်။
Shareholder Registration
ပထမဦးစွာရှယ်ယာရှင်မှတ်တမ်းရေးသွင်းရန်အတွက် Accounting အောက်မှ Share Management သို့သွားပါ။
Shareholder Listing
- ရှယ်ယာရှင်မှတ်တမ်းသွင်းရန်အတွက် Shareholder ကိုရွေးချယ်ပါ။
- ထည့်သွင်းထားသည့် ရှယ်ယာရှင်မှတ်တမ်းများရှိပါက List တွင် တွေ့ရမည်ဖြစ်ပါသည်။
- ရှယ်ယာရှင်အသစ်ထည့်သွင်းရန်အတွက် Add Shareholder ကို နှိပ်ပါ။
- လိုအပ်သောအချက်အလက်များထည့်သွင်းပါ။ Save ကို နှိပ်ပါ။
- လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းကို ထည့်သွင်းလိုပါက Add Contact and Add Address မှ ထည့်သွင်းနိုင်ပါသည်။
Share Transfer
Shareholder များသတ်မှတ်ပြီးပါက Investment လုပ်ရန် Share Transfer များပြုလုပ်နိုင်ပါသည်။
- Share Transfer ပြုလုပ်လိုပါက
- Share ထည့်ရန် Share Transfer ဘေးမှ + ကိုနှိပ်ပါ။
- Transfer Type တွင် Issue ရွေးပါ။ Date ထည့်ပါ။
- ရင်းနှီးမှုမြှုပ်နှံမည်ဖြစ်သောကြောင့် Capital Account ကိုရွေးပေးပါ။
- Share Type, No. of Shares, From No, To No ထည့်ပါ။
- Rate တွင် Share တစ်စောင်၏ပမာဏကိုထည့်ပါ။
- Save and Submit ကို နှိပ်ပါ။
- ငွေလက်ခံရန်အတွက် Create Journal Entry ကိုနှိပ်ပါ။
- ငွေလက်ခံသည်ရက်စွဲထည့်ပါ။
- Save and Submit လုပ်ပါ။
- ထည့်သွင်းထားသည့်အရာများကို ပြန်စစ်ရန်အတွက်
- Accounting မှ Balance Sheet ကို ရွေးပါ။
- ထည့်သွင်းထားသည့် Capital Stock ကို တွေ့မြင်ရပါမည်။
- Share Ledger တွင်ကြည့်ပါက Rate တွင် Investment လုပ်ထားသောပမာဏကိုတွေ့ရမည် ဖြစ်သည်။