လုပ်ငန်းတွင်ရှိသော လကုန် adjustment လုပ်လိုသော Account စာရင်းများ၊ Expenses စာရင်းများ၊ Other Receivable စာရင်းများအားလည်း Journal Entry မှတစ်ဆင့်စာရင်းသွင်းနိုင်ပါသည်။

Journal တွင်အရောင်း/အဝယ်စာရင်းမှလွဲ၍ အခြားသော Transaction များအား Journal Entryတွင် စာရင်းသွင်းနိုင်ပသည်။ စာရင်းသွင်းနိုင်သော Transaction များထဲတွင်မှ လုပ်ငန်းတိုင်းအသုံးအများဆုံးသော စာရင်းသွင်းနည်း (၃)နည်းအားထည့်သွင်းပြမည်ဖြစ်ပါသည်။

  1. Adjustment စာရင်းထည့်သွင်းခြင်း

  2. Expenses စာရင်းထည့်သွင်းခြင်း

  3. Other Income စာရင်းထည့်သွင်းခြင်း

  4. Journal Entry Type အမျိုးအစားများ

Journal Entry ထည့်သွင်းရန်အတွက်

Home > Accounting > General Ledger > Journal Entry

1)Adjustment စာရင်းထည့်သွင်းခြင်း

ဥပမာ :လုပ်ငန်း၏ဌားရမ်းခအား ကြိုပေး Account ဖြစ်သည့် Preaid Account ဖြင့် တစ်လစာ 250,000 6လစာကြိုသွင်းထားသည့်အတွက် 1,500,000 ကြိုတင်ပေးသွင်းထားပြီးဖြစ်သည်။ လကုန်သည့်အခါတွင် တစ်လစာ 250,000 အား Prepaid ထဲမှာနုတ်၍ စရိတ် Acc တွင်တိုးသည့် Adjustment ရိုက်သည့်ပုံစံဖြင့် Adjustment စာရင်းထည့်သွင်းခြင်းအား ထည့်သွင်းပြမည်ဖြစ်ပါသည်။

Balance Sheet တွင်ကြည့်ရှု့ပါက ကြိုပေး Account ဖြစ်သည့် Prepaid Account တွင် 6လစာကြိုတင်ပေးထားသည့် 1,500,000 Amount အားတွေ့မြင်ရမည်။ ထို 1,500,000 အား လကုန်သည့်အခါတွင် 1လစာစရိတ်ထည့်သွင်းရန်အတွက်

  • Add Journal Entry နှိပ်ပါ။


  • Journal Entry Type တွင် Default type ဖြစ်သည့် Journal Entry ဖြင့် တွေ့မြင်ရမည်။ ပြောင်းလဲလိုပါက ပြောင်းလဲရွေးချယ်နိုင်ပါသည်။ Journal Entry type များအား သက်ဆိုင်ရာ Link တွင် လေ့လာနိုင်ပါသည်။


  • Form Template တွင် Template သတ်မှတ်ထားခြင်းရှိပါက Template ရွေးချယ်နိုင်ပါသည်။ (Template သတ်မှတ်ထားခြင်းမရှိပါက ရွေးချယ်ရန်မလိုပါ။)

  • Journal Entry Template ထည့်သွင်းနည်းအား သက်ဆိုင်ရာ Link တွင် ကြည့်ရှု့နိုင်ပါသည်။


  • Positing Date တွင် မိမိစာရင်းထည့်သွင်းလိုသည့်ရက်အားရွေးချယ်ပါ။


  • Accounting Entries အောက်မှဇယားတွင် မိမိစာရင်းသွင်းလိုသော Account အားရွေးချယ်ပါ။ (Journal ထည့်သွင်းရာတွင် Debit/Credit ထည့်သွင်းရမည်ဖြစ်သောကြောင့် ထည့်သွင်းမည့် Account နှစ်ခုအားရွေးချယ်ရန်လိုအပ်ပါသည်။)

    (ဥပမာ:ဌားရမ်းခ ကြိုတင်ပေးထားသည့် Prepaid Account နှင့် စရိတ်ကျမည့် Expenses Account အားရွေးချယ်ပေးရမည်ဖြစ်သည်။)

  • Debit / Credit တွင် သက်ဆိုင်ရာAccount များ၏ အဝင်/အထွက် စာရင်းအား သက်ဆိုင်ရာအကြောင်းတွင် ထည့်ပါ။



  • Cost Center ခွဲထားခြင်းရှိပါက account ရွေးချယ်ထားသော လိုင်းများ၏ ဘေးမှ Edit ကိုနှိပ်ပါ။

  • Accounting Dimension တွင် သက်ဆိုင်သည့် Cost Center အားရွေးချယ်ပါ။


  • User Remark တွင် ထည့်သွင်းလိုသော အကြောင်းအရာထည့်သွင်းပါ။


  • Save/Submit နှိပ်ပါ။


  • ထည့်သွင်းလိုက်သည့် Journal Entry အားတွေ့မြင်ရမည်။


  • Balance Sheet တွင် ပြန်လည်ကြည့်ရှု့ပါကလည်း တစ်လစာ စရိတ်ထည့်သွင်းလိုက်သည့်အတွက် တစ်လစရိတ်Prepaid Account လျော့သွားသည်အား တွေ့မြင်ရမည်။


  • အခြားသော Adjustment စာရင်းများအားလည်း သက်ဆိုင်ရာ account များရွေးချယ်၍ အထက်ပါ ပြသထားသည့်နည်းအတိုင်းထည့်သွင်းနိုင်ပါသည်။

2)Expenses စာရင်းထည့်သွင်းခြင်း

လုပ်ငန်း၏ နေ့စဥ်အသုံးစရိတ်စာရင်းများအားလည်း Journal Entry ဖြင့်စာရင်းထည့်သွင်းနိုင်ပါသည်။

လုပ်ငန်း၏ Telephone Expenses စာရင်းအားထည့်သွင်းနည်းအား ဥပမာအနေဖြင့် ပြသပေးပါမည်။

  • Add Journal Entry နှိပ်ပါ။


  • Positing Date တွင် မိမိစာရင်းထည့်သွင်းလိုသည့်ရက်အားရွေးချယ်ပါ။


  • Accounting Entries အောက်မှဇယားတွင် မိမိစာရင်းသွင်းလိုသော Account အားရွေးချယ်ပါ။ (Journal ထည့်သွင်းရာတွင် Debit/Credit ထည့်သွင်းရမည်ဖြစ်သောကြောင့် ထည့်သွင်းမည့် Account နှစ်ခုအားရွေးချယ်ရန်လိုအပ်ပါသည်။)

  • Debit / Credit တွင် သက်ဆိုင်ရာAccount များ၏ အဝင်/အထွက် စာရင်းအား သက်ဆိုင်ရာအကြောင်းတွင် ထည့်ပါ။


  • User Remark တွင် ထည့်သွင်းလိုသော အကြောင်းအရာထည့်သွင်းပါ။


  • Save/Submit နှိပ်ပါ။


  • ထည့်သွင်းလိုက်သော expenses စာရင်းအားတွေ့မြင်ရမည်။


3)Other Income စာရင်းထည့်သွင်းခြင်း

အခြားသော Income များအား Journal Entry မှစာရင်းထည့်သွင်းနိုင်သည်။

Journal Entry မှစာရင်းထည့်သွင်းရန်အတွက်

  • Add Journal Entry နှိပ်ပါ။


  • Positing Date တွင် မိမိစာရင်းထည့်သွင်းလိုသည့်ရက်အားရွေးချယ်ပါ။


  • Accounting Entries အောက်မှဇယားတွင် မိမိစာရင်းသွင်းလိုသော Account အားရွေးချယ်ပါ။ (Journal ထည့်သွင်းရာတွင် Debit/Credit ထည့်သွင်းရမည်ဖြစ်သောကြောင့် ထည့်သွင်းမည့် Account နှစ်ခုအားရွေးချယ်ရန်လိုအပ်ပါသည်။)

  • Debit / Credit တွင် သက်ဆိုင်ရာAccount များ၏ အဝင်/အထွက် စာရင်းအား သက်ဆိုင်ရာအကြောင်းတွင် ထည့်ပါ။

  • Customer/ Supplier နှင့်သက်ဆိုင်သည့် Receivable စာရင်းများထည့်သွင်းခြင်းဖြစ်ပါက Party Type & Party တွင်ရွေးချယ်ပေးရမည်။


  • User Remark တွင် ထည့်သွင်းလိုသော အကြောင်းအရာထည့်သွင်းပါ။


  • Save/Submit နှိပ်ပါ။


  • ထည့်သွင်းလိုက်သော Income စာရင်းအားတွေ့မြင်ရမည်။


အခြားသော စာရင်းများထည့်သွင်းလိုပါကလည်း သက်ဆိုင်ရာ Account များရွေးချယ်၍ ထည့်သွင်းနိုင်ပါသည်။

4)Journal Entry Type အမျိုးအစားများ

  • Journal Entry တွင်ထည့်သွင်းနိုင်သော Journal Entry Type အမျိုးအစားများ

1)Journal Entry

  • ၎င်းသည် Entry အမျိုးမျိုးအတွက်အသုံးပြုနိုင်သည်။ ယေဘုယျအားဖြင့်ရွေးချယ်သတ်မှတ်နိုင်ပါသည်။

2)Inter Company Journal Entry

  • တူညီသော ကုမ္ပဏီအချင်းချင်း အရောင်းအဝယ်တစ်ခုခုပြုလုပ်ပါက Inter Company Journal Entry အားအသုံးပြုနိုင်သည်။

3)Bank Entry

  • ဘဏ်Account များအားအသုံးပြု၍ ငွေပေးချေမှု ပြုလုပ်သည့်အခါ (သို့) ငွေလက်ခံမှု ပြုလုပ်သည့်အခါတွင် Bank Entry Type အမျိုးအစားအား အသုံးပြုနိုင်သည်။

  • ဥပမာ - ကုမ္ပဏီ Bank Account အားအသုံးပြု၍ ကုမ္ပဏီစရိတ်များထည့်သွင်းပါက Bank entry type ရွေးချယ်နိုင်သည်။

4)Cash Entry

  • ၎င်းသည် 'ဘဏ်စာရင်းသွင်းခြင်း' နှင့် အတူတူပင်ဖြစ်သော်လည်း ငွေသား Account မှတစ်ဆင့် ငွေပေးချေမှု (သို့) ငွေလက်ခံမှုကို ပြုလုပ်လိုပါက Cash Entry Type အားရွေးချယ်၍ အသုံးပြုနိုင်ပါသည်။

5)Credit Card Entry

  • Credit Card ထဲသို့ Transaction ထည့်သွင်းမှုများအားအလွယ်တကူသိရှိနိုင်ရန်အတွက် Credit Cart Entry Type အားရွေးချယ်၍ Transaction ထည့်သွင်းနိုင်ပါသည်။

6)Debit Note

  • ဝယ်ယူထားသော ကုန်ပစ္စည်းများကို သက်ဆိုင်ရာSupplier များထံသို Return ပြန်သွင်း၍ ထိုဘောင်ချာအတွက် Supplier ထံအားပစ္စည်းပြန်လည်ပေးလိုက်သည့်အတွက် ငွေပေးရန်ကျန်မရှိတော့ကြောင်းအား ပေးရန်ရှိစာရင်းနှင့် စာရင်းညှိပါက Debit Note Entry အားအသုံးပြုနိုင်ပါသည်။

    • Debit: Supplier Account.

    • Credit: Purchase Return Account.


7)Credit Note

  • ရောင်းချထားသော ကုန်ပစ္စည်းများကို Customer များထံမှ ကုမ္ပဏီသို့ Return ပြန်သွင်း၍ ထိုဘောင်ချာအတွက် Customer ထံမှပစ္စည်းပြန်လည်ရရှိလိုက်သည့်အတွက် ထိုဘောင်ချာအတွက် ငွေရရန်ကျန်မရှိတော့ကြောင်းအာရရန်ရှိစာရင်းနှင့် စာရင်းညှိပါက Debit Note Entry အားအသုံးပြုနိုင်ပါသည်။

    • Debit: Sales Return Account.

    • Credit: Customer Account.


8)Contra Entry

  • ကုမ္ပဏီမှ ငွေပေးငွေယူ အမျိုးအစားများအလိုက်စာရင်းသွင်းသည့်အခါတွင် Contra Entry Type အားရွေးချယ်နိုင်သည်။

    1. Cash to Cash

    2. Bank to Bank

    3. Cash to Bank

    4. Bank to Cash

  • Cash အချင်းချင်း ငွေလွှဲပြောင်းခြင်း၊ Bank အချင်းချင်း ငွေလွှဲပြောင်းခြင်း၊ Cash အား Bank ထားသို့သွင်းခြင်း၊ Bank ထဲမှငွေအား Cash ထုတ်ယူခြင်းများအတွက် Contra Entry အားအသုံးပြုနိုင်ပါသည်။


9) Excise Entry

  • ကုမ္ပဏီတစ်ခုသည် Supplier တစ်ဦးထံမှ ကုန်ပစ္စည်းကို ဝယ်ယူသည့်အခါ ကုမ္ပဏီသည် အဆိုပါ ကုန်ပစ္စည်းများအပေါ် ပေးသွင်းသူထံ အခွန်ပေးဆောင်ရသည်အတွက် ပေးဆောင်ရသည့်အခွန်ငွေအား Journal ဖြင့်ထည့်သွင်းပါက Excise Entry ဖြင့်ထည့်သွင်းနိုင်သည်။

  • ကုမ္ပဏီတစ်ခုသည် ဤကုန်ပစ္စည်းများကို ဖောက်သည်များထံ ရောင်းချသောအခါ၊ ၎င်းသည် အခွန်စည်းကြပ်ခြင်းခံရသည်။ ၎င်း Transaction အားသွင်းရန်အတွက် Excise Entry Type အားရွေးချယ်၍ ထည့်သွင်းနိုင်ပါသည်။

  • ထည့်သွင်းနည်းပုံစံ

    • Company buys goods with Excise duty:

      • Debit: Purchase Account, Excise Duty Account.

      • Credit: Supplier Account.

    • Company sells goods with Excise duty:

      • Debit: Customer Account.

      • Credit: Sales Account, Excise Duty Account.

10)Write Off

  • အကယ်၍ သင်သည် ပြေစာတစ်ခုအား အကြွေးဆုံးအဖြစ် ထည့်သွင်းပါက ၊ Bad Debts ဟုခေါ်သော ကုန်ကျစရိတ်အကောင့်တစ်ခုဖြင့် Journal ထည့်သွင်းနိုင်ပါသည်။ ထို Bad Debts အားထည့်သွင်းပါက Write off Entry Type အားရွေးချယ်၍ ထည်သွင်းနိုင်ပါသည်။

    • Debit: Bad Debts Written Off

    • Credit: Customer

11)Opening Entry

  • အခြား Software တစ်ခုမှ ERP Next ဘက်သို့ပြောင်းသည့်အချိန်(သို့) Manual စာရင်းမှ ERP Next ဘက်သို့ပြောင်းသည့်အချိန်တွင် ထို Entry Type အားအသုံးပြုနိုင်ပါသည်။

  • ထို entry type အားအသုံးပြု၍ လုပ်ငန်း၏ ပေးရန်ကျန်ငွေစာရင်းများ/ရရန်ကျန်ငွေစာရင်းများ ၊ မိမိတွင်ရှိသော ငွေလက်ကျန်များ/ Bank ထဲတွင်ရှိသော ငွေလက်ကျန်များအား ၊ ရှယ်ယာရှင်များနှင့်ဆိုင်သော စာရင်းများ အစရှိသော စာရင်းများအား ထို Entry Type ဖြင့်အသုံးပြုနိုင်ပါသည်။

12)Depreciation Entry

  • အချို့သောလုပ်ငန်း၏ရောင်းချသည့်ပစ္စည်းများမဟုတ်သည့် ပိုင်ဆိုင်မှု ပစ္စည်းများအားကုန်ကျစရိတ်အဖြစ်ထည့်သွင်းသည့်အခါတွင် Depreciation Entry အားအသုံးပြုနိုင်သည်။

  • ဥပမာအားဖြင့် သင့်တွင် ၅ နှစ်တာအသုံးပြုမည့် ကွန်ပျူတာတစ်လုံးရှိလျှင် အချိန်ကာလတစ်လျှောက် ၎င်း၏ကုန်ကျစရိတ်ကို လစဥ် လကုန်သည့်အချိန်တိုင်းတွင် ၎င်း၏တန်ဖိုးကို လျှော့ချခြင်းဖြင့် ဂျာနယ်စာရင်းကို ထည့်သွင်းနိုင်သည်။ ထိုစာရင်းအား Depreciation Entry Type အား ရွေးချယ်၍ ထည့်သွင်းနိုင်သည်။

    • Debit: Depreciation (Expense).

    • Credit: Asset (the Account under which you had booked the asset to be depreciated).



Was this article helpful?

On this page