Assessment Plan

Assessment Plan သည် ပညာသင်ကြားနေသော စာသင်နှစ်တွင် လေ့လာနေသော ကျောင်းသားအုပ်စုအတွက် သင်တန်းတစ်ခု၏ စာမေးပွဲ/အကဲဖြတ်ခြင်းကို ပြုလုပ်ရန် အချိန်ဇယားတစ်ခုဖြစ်သည်။

Assessment Plan ကိုထည့်သွင်းရန် -

Assessment Plan ကိုနှိပ်ပါ။

Add Assessment Plan ကိုနှိပ်ပါ။

Student Group တွင ဖြေဆိုရမည့် ကျောင်းသားအုပ်စုကို ရွေးချယ်ပါ။ Assessment Name တွင် စစ်ဆေးမည့် ခေါင်းစဥ်ကိုထည့်သွင်းပါ။ Assessment Group တွင် အကဲဖြတ်အုပ်စုကိုရွေးချယ်ပါ။ Grading Scale တွင် အကဲဖြတ်အမှတ်ပေးခေါင်းစဥ်ကိုရွေးချယ်ပါ။ Program တွင် သက်ဆိုင်ရာကိုရွေးချယ်ပါ။ Course တွင် စစ်ဆေးမည့် Course ကိုရွေးချယ်ပါ။ Academic Year နှင့် Academic Term တွင် သက်ဆိုင်ရာပညာသင်ကာလကိုရွေးချယ်ပါ။

Schedule Date တွင် ဖြေဆိုရမည့်နေ့ကိုရွေးချယ်ပါ။ Room တွင် ဖြေဆိုမည့်အခန်းကိုထည့်သွင်းပါ။ Examiner တွင်စစ်ဆေးမည့်သူကိုရွေးချယ်ပါ။ From Time တွင် စတင်ဖြေဆိုမည့်အချိန်ကိုထည့်သွင်းပါ။ To Time တွင် ဖြေဆိုချိန်ပြီးမည့်အချိန်ကိုထည့်သွင်းပါ။ Supervisor ကိုရွေးချယ်ပါ။

Evaluate အောက်ရှိ Maximum Assessment Score တွင် အများဆုံးရရှိမည့်အမှတ်ကိုထည့်သွင်းပါ။ Assessment Criteria တွင် အကဲဖြတ်မည့် ခေါင်းစဥ်ကိုထည့်သွင်းပါ။ Maximum Score တွင် အကဲဖြတ်ခေါင်းစဥ်အလိုက် အများဆုံးပေးမည့်အမှတ်ကိုထည့်သွင်းပါ။ အပြည့်အစုံထည့်သွင်းပြီးပါက Save ကိုနှိပ်ပါ။

ထည့်သွင်းထားသော Assessment Plan ကိုတွေ့ရမည်။

Was this article helpful?