Asset Value Adjustment
ပုံသေပိုင်ပစ္စည်းသည် ပျက်စီးမှုတစ်ခုခုကြောင့် ပိုင်ဆိုင်မှုတန်ဖိုးရုတ်တရက် ပြောင်းလဲသွားပါက ပုံသေပိုင်ပစ္စည်း၏ ပိုင်ဆိုင်မှုတန်ဖိုး ညှိယူသည့်အခါမျိုးတွင် Asset Value Adjustment တွင်ထည့်သွင်းနိုင်ပါသည်။ (ဥပမာ- laptop တစ်လုံးသည် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားပါက ၎င်း၏တန်ဖိုးသည် ချက်ချင်းကျဆင်းသွားမည်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ပုံသေပိုင်ပစ္စည်း၏တန်ဖိုးကို ပြန်လည်ညှိယူရမည် ဖြစ်ပါသည်။)
ပုံသေပိုင်ပစ္စည်း၏တန်ဖိုးကို ပြန်လည်တန်ဖိုးညှိယူခြင်းကို ထည့်သွင်းမည်ဆိုပါက
Accounting > Asset > Asset Value Adjustment
- Add Asset Value Adjustment ကိုနှိပ်ပါ။
- Asset တွင်တန်ဖိုးပြန်လည်ညှိမည့် Asset ကိုထည့်သွင်းပါ။
- Date တွင် တန်ဖိုးပြန်လည်ညှိသည့် Date ကိုထည့်ပါ။
- New Asset Value တွင်တန်ဖိုးပြန်လည်သတ်မှတ်သည့် Amount ကိုထည့်ပါ။
- Edit Full Form ကိုနှိပ်ပါ။
- Value Detail အောက်တွင်ရှိသော Current Asset တွင် ပုံသေပိုင်ပစ္စည်း၏ ယခုလက်ရှိတန်ဖိုးလျှော့ပြီးသားတန်းဖိုးကို တွေ့ရပါမည်။
- Save > Submit > Yes ကိုနှိပ်ပါ။
- ထည့်သွင်းလိုက်သော ပုံသေပိုင်ပစ္စည်း တန်ဖိုးပြန်လည်ညှိလိုက်သည်ကို Asset Value Adjustment တွင်အောက်ပါအတိုင်းတွေ့ရပါမည်။
- Asset List တွင်ပြန်ကြည့်ပါကလည်း တန်ဖိုးပြန်လည်သတ်မှတ်လိုက်သည့် ပုံသေပိုင်ပစ္စည်း၏တန်ဖိုးသည် ကျန်ရှိသော လများတွင် ခွဲဝင်သွားပါမည်။