FOC (Purchase Invoice)
ပစ္စည်းဝယ်သည့်အချိန်တွင် FOC ရပါကအောက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။ (ဥပမာ-ပစ္စည်း 10 ခုဝယ်၍ FOC 1 ခုရသည်ဆိုပါကထိုအတိုင်းထည့်သွင်းနိုင်ပါသည်။)
- အဝယ်စာရင်းထည့်သွင်းရန်အတွက် Purchase Invoice သို့သွားပါ။
- Add Purchase Invoice ကိုနှိပ်ပါ။
- Date တွင် Purchase Invoice ဖွင့်သောနေ့ကိုထည့်ပါ။
- Supplier ထည့်ပါ။
- ပစ္စည်းတခါထဲရောက်သည်ဆိုပါက Update Stock တွင်အမှန်ခြစ်ထည့်ပါ။
- Set Source Warehouse တွင်ပစ္စည်းထားမည့် Warehouse ကိုရွေးပါ။
- Item တွင်ဝယ်သည့်ကုန်ပစ္စည်းကိုထည့်ပါ။
- Accepted Qty တွင်ဝယ်သည့်အရေအတွက်ကိုထည့်ပါ။
- Unit Price တွင်ဝယ်ဈေးကိုထည့်ပါ။
- FOC ရသည့်ကုန်ပစ္စည်းရှိပါက Add Row တိုး၍ထည့်ပါ။
- Item တွင် FOC ရသည့် Item ကိုထည့်ပါ။
- Accepted Qty တွင် FOC ရသည့် Qty ကိုထည့်ပါ။
- ထို့နောက် FOC ရသည့် Item ကို Discount 100% နှင့်ထည့်ရန်အတွက် FOC အကြောင်းရှိ Edit ကိုနိပ်ပါ။
- Edit Row ဆိုပြီးပေါ်လာပါက Discount and Margin ဘေးမှ Down Arrow ကိုနှိပ်ပါ။
- Discount on Price List Rate (%) တွင် 100 ဆိုပြီးထည့်ပါ။
- Item Table တွင်ကြည့်ပါက Amount 0 နှင့်ကျသွားသည်ကိုတွေ့ရမည်ဖြစ်သည်။
- Save, Submit လုပ်ပါ။
Stock Ledger Report တွင်စစ်ကြည့်ပါကလည်း
- ဝယ်ယူထားသည့်ပစ္စည်းအရေအတွက်တိုင်းသာတန်ဖိုးဝင်သွားပြီး FOC ရသော Qty အတွက်တန်ဖိုးမဝင်သွားသည်ကိုတွေ့ရပါသည်။