Asset Movement
မိမိလုပ်ငန်းတွင်ရှိသော ပုံသေပိုင်ပစ္စည်းများကို နေရာတစ်ခုမှ တခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ခြင်း၊ မိမိရုံးမှရှိသော ဝန်ထမ်းကို ပုံသေပိုင်ပစ္စည်းပေးခြင်း၊ ပုံသေပိုင်ပစ္စည်းကို ဝန်ထမ်းအချင်းချင်းပေးအပ်ခြင်း၊ ဝန်ထမ်းမှ ပုံသေပိုင်ပစ္စည်းကို နေရာတစ်ခုသို့ ထားသည့်အခါမျိုးတွင် Asset Movement ကိုအသုံးပြု၍ စာရင်းထည့်သွင်းနိုင်ပါသည်။
Asset Movement ထည့်သွင်းမည်ဆိုပါက အမျိုးအစား(3)မျိုးရှိပါသည်။
- မိမိရုံးမှရှိသော ဝန်ထမ်းကို ပုံသေပိုင်ပစ္စည်းပေးမည်ဆိုပါက Issue Type ကိုအသုံးပြုရပါမည်။
- မိမိရုံးမှရှိသော ဝန်ထမ်းအချင်းချင်း ပုံသေပိုင်ပစ္စည်းပြန်လွှဲပေးလျှင် Issue Type ကိုအသုံးပြုရပါမည်။
- ပုံသေပိုင်ပစ္စည်းကို နေရာတစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ပါက Transfer Type ကိုအသုံးပြုရပါမည်။
(1) မိမိရုံးမှရှိသော ဝန်ထမ်းကို ပုံသေပိုင်ပစ္စည်းပေးခြင်းကို ထည့်သွင်းမည်ဆိုပါက
Accounting > Asset > Asset Movement
- Add Asset Movement ကိုနှိပ်ပါ။
* Purpose တွင် Issue ကိုရွေးချယ်ပါ။ * Transaction Date တွင် ဝန်ထမ်းကို ပုံသေပိုင်ပစ္စည်းပေးသည့် ရက်နှင့် အချိန်ကိုထည့်သွင်းပေးရပါမည်။
* Asset အကွက်ထဲတွင်ရှိသော Asset တွင် ဝန်ထမ်းကိုပေးသည့် Asset ကိုရွေးချယ်ပါ။ * Asset ကိုရွေးချယ်လိုက်ပါက ထို Asset ရှိသောနေရာပါ ကျလာပါမည်။ * To Employee တွင် Asset ကိုပေးမည့် ဝန်ထမ်းကိုရွေးချယ်ပါ။
* Reference အောက်တွင်ရှိသော Reference Document Type တွင် ထို Asset Item ကိုဝယ်ခဲ့သည့် ဘောင်ချာရှိပါက Purchase Invoice ကိုရွေးချယ်ပါ။ * Reference Document Name တွင် Asset ဝယ်ခဲ့သည့် ဘောင်ချာနံပါတ်ကိုထည့်ပါ။
* Save > Submit > Yes ကိုနှိပ်ပါ။
* Asset List တွင်ပြန်ကြည့်ပါကလည်း ပေးလိုက်သောဝန်ထမ်းကို Asset ၏ Custodian Name တွင်အောက်ပါအတိုင်းတွေ့ရပါမည်။
(2) ပုံသေပိုင်ပစ္စည်းကို ဝန်ထမ်းအချင်းချင်းပြန်လွှဲပေးခြင်းကို ထည့်သွင်းမည်ဆိုပါက
Accounting > Asset > Asset Movement
- Add Asset Movement ကိုနှိပ်ပါ။
* Purpose တွင် Issue ကိုရွေးချယ်ပါ။ * Transaction Date တွင် Asset ကို ဝန်ထမ်းအချင်းချင်းလွှဲပေးသည့် ရက်နှင့်အချိန်ကိုထည့်ပါ။
* Asset အကွက်တွင်ရှိသော Asset တွင် ဝန်ထမ်းအချင်းချင်းလွှဲပေးသည့် Asset ကိုထည့်ပါ။ * To Employee တွင် လွှဲပေးသည့် ဝန်ထမ်းကိုရွေးချယ်ပါ။
* Reference အောက်တွင်ရှိသော Reference Document Type တွင် ထို Asset Item ကိုဝယ်ခဲ့သည့် ဘောင်ချာရှိပါက Purchase Invoice ကိုရွေးချယ်ပါ။ * Reference Document Name တွင် ထို Asset ဝယ်ခဲ့သည့် ဘောင်ချာနံပါတ်ကိုထည့်ပါ။
* Save > Submit > Yes ကိုနှိပ်ပါ။
* Asset List တွင်ပြန်ကြည့်ပါကလည်း နောက်ထပ်လွှဲပေးလိုက်သည့် ဝန်ထမ်းတစ်ယောက်ကို Custodian Name တွင်အောက်ပါအတိုင်း တွေ့ရပါမည်။
(3) ရုံးတွင်ရှိသော ပုံသေပိုင်ပစ္စည်းကို နေရာတစ်နေရာမှ တခြားတစ်နေရာသို့ ပြောင်းရွှေ့ခြင်းကို ထည့်သွင်းမည်ဆိုပါက
Accounting > Asset > Asset Movement
- Add Asset Movement ကိုနှိပ်ပါ။
* Purpose တွင် Transfer ကိုရွေးချယ်ပါ။ * Transaction Date တွင် Asset ကို တစ်နေရာမှ တခြားတစ်နေရာသို့ ပြောင်းရွှေ့သည့် ရက်နှင့်အချိန်ကို ထည့်ပါ။
* Assets အကွက်တွင်ရှိသော Asset တွင် နေရာပြောင်းရွှေ့မည့် Asset ကိုရွေးချယ်ပါ။ * Target Location တွင်မိမိပြောင်းရွှေ့ချင်သည့် နေရာကိုရွေးချယ်ပါ။
* Save > Submit > Yes ကိုနှိပ်ပါ။
* Asset List တွင်ပြန်ကြည့်ပါကလည်း Asset ပြောင်းရွှေ့လိုက်သည့် နေရာကို Location တွင်အောက်ပါအတိုင်းတွေ့ရပါမည်။