Warehouse သတ်မှတ်ခြင်း

လုပ်ငန်းရှိ ကုန်ပစ္စည်းသိုလှောင်သည့်နေရာများကို Warehouse တစ်ခုစီသီးခြားသတ်မှတ်ပြီးအသုံးပြုနိုင်ပါသည်။

  • Warehouse များထည့်သွင်းရာတွင် Parent နှင့် Child ခွဲ၍ ထည့်သွင်းနိုင်ပါသည်။Warehouse များကို စင်များ/နေရာများ သီးသန့်ခွဲထားလိုပါက Child အနေဖြင့်အသုံးပြုနိုင်ပါသည်။

Parent အနေဖြင့် Warehouse ထည့်သွင်းလိုပါက

  • Add Child ကိုနှိပ်ပါ။

  • New Warehouse Name တွင် ထည့်သွင်းလိုသည့် Warehouse အမည်ကိုထည့်သွင်းပါ။
  • Parent Warehouse အနေဖြင့် ထည့်သွင်းမည်ဖြစ်သည့်အတွက် Is Group အားအမှန်ခြစ်ပါ။
  • Create New ကို နှိပ်ပါ။

  • Warehouse Tree တွင် ထည့်သွင်းလိုက်သည့် Warehouse ကိုတွေ့ရပါမည်။

Child Warehouse အနေဖြင့် ထပ်မံထည့်သွင်းလိုပါက

  • Parent warehouse ၏ အောက်တွင် Child အနေဖြင့် ထပ်မံထည့်သွင်းမှာ ဖြစ်သောကြောင့် မိမိထည့်သွင်းလိုသော Parent Warehouse ကိုနှိပ်ပါ။
  • Add Child ကိုနှိပ်ပါ။

  • New Warehouse Name တွင် Child Warehouse အမည်ကိုထည့်ပါ။
  • Child Warehouse အနေဖြင့် ထည့်သွင်းရာတွင် Is Group အား အမှန်ခြစ်ရန်မလိုပါ။
  • Create ကိုနှိပ်ပါ။

  • Parent Warehouse ၏ အောက်တွင် ထပ်မံ ထည့်သွင်းလိုက်သည့် Child Warehouse ကိုတွေ့ရပါမည်။

Warehouse များကို သက်ဆိုင်ရာ Account များနှင့်လည်း ချိတ်ဆက်ထားပြီး အသုံးပြုနိုင်ပါသည်။

Was this article helpful?

On this page