Double Ledger Parties (Primary Role - Supplier)

လုပ်ငန်းတွင်Supplier နှင့် Customer တူညီနေသောအခြေအနေမျိုးတွင် ပေးရန်ရှိစာရင်းနှင့် ရရန်ရှိစာရင်းအားအလိုအလျောက်ချေပေးနိုင်ရန်အတွက် Double Ledger Parties ကိုအသုံးပြုနိုင်ပါသည်။

  • Double Ledger Parties မထည့်သွင်းမီ Supplier Name နှင့် Customer Name ကိုဦးစွာထည့်သွင်းထားရမည်။

  • Supplier Name နှင့် Customer Name ထည့်သွင်းပြီးပါက Double Ledger Parties ကိုထည့်သွင်းပေးရပါမည်။

  • Double Ledger Parties ကိုထည့်သွင်းရန်

  • Accounting ထဲရှိ Double Ledger Management အောက်မှ Double Ledger Parties ကိုနှိပ်ပါ။

  • New ကိုနှိပ်ပါ။

  • Primary Role တွင် ပေးရန်ရှိပမာဏများလေ့ရှိပါက Supplier ဟုထားပါ။

  • ရရန်ရှိပမာဏများလေ့ရှိပါက Customer ကိုထားပါ။

  • Customer နှင့် Supplier ကိုရွေးချယ်ပါ။

  • Save ကိုနှိပ်ပါ။

  • ထည့်သွင်းထားသော Double Ledger Parties စာရင်းကိုတွေ့ရမည်။

  • Double Ledger Parties ထည့်သွင်းသတ်မှတ်ပြီးသည့်နောက်တွင် Purchase Invoice နှင့် Sales Invoice များကိုထည့်သွင်းပေးရမည်။

  • Purchase Invoice ကိုထည့်သွင်းရန်အတွက်

  • Buying ထဲမှ Purchase Invoice ကိုနှိပ်ပါ။

  • New ကိုနှိပ်ပါ။

  • Series ကိုရွေးချယ်ပါ။

  • Supplier တွင် မည်သူ့ထံမှ ဝယ်ယူသည်ကိုထည့်သွင်းပါ။

  • Date တွင် မည်သည့်ရက်၌ ဝယ်ယူသည်ကိုထည့်သွင်းပါ။

  • Due Date တွင် ငွေပေးချေမည့်ရက်ကိုသတ်မှတ်ထည့်သွင်းပါ။

  • ဝယ်ယူသည့်အချိန်တွင် ကုန်ပစ္စည်းတစ်ပါတည်း လက်ခံရရှိသည်ဆိုပါက Update Stock ကိုနှိပ်၍ မည့်သည့် Warehouse ၌ လက်ခံထားရှိမည်ကို ရွေးချယ်ပါ။

  • Item တွင်ဝယ်ယူသည့် ကုန်ပစ္စည်းကိုရွေးချယ်ပါ။

  • Qty တွင် အရေအတွက်မည်မျှဝယ်ယူသည်ကိုထည့်သွင်းပါ။

  • Rate တွင်တစ်ခုချင်းစျေးမည်မျှရှိသည်ကိုထည့်သွင်းပါ။

  • အပြည့်အစုံထည့်သွင်းပြီး မှန်ကန်ပြီဆိုပါက Save, Submit ကိုနှိပ်ပါ။

  • အဝယ်စာရင်းထည့်သွင်းပြီးနောက် အရောင်းစာရင်းထည့်သွင်းမည်ဆိုပါက

  • Selling ထဲမှ Sales Invoice ကိုနှိပ်ပါ။

  • New ကိုနှိပ်ပါ။

  • Series ကိုရွေးချယ်ပါ။

  • Customer တွင်မည်သူ့ကိုရောင်းချမည်ကိုရွေးချယ်ပါ။

  • Date တွင် မည်သည့်ရက်တွင် ရောင်းချသည်ကိုရွေးချယ်ပါ။

  • Due Date တွင် ငွေရမည့်နေ့ကိုသတ်မှတ်ထည့်သွင်းပါ။

  • ရောင်းချသည့်အချိန်တွင် ကုန်ပစ္စည်းတစ်ပါတည်းလက်ခံရရှိသည်ဆိုပါက Update Stock ကိုနှိပ်၍ မည်သည့် Warehouse ထဲမှ ထုတ်ပေးမည်ကိုရွေးချယ်ပါ။

  • Item တွင် ရောင်းချမည့် ကုန်ပစ္စည်းကိုရွေးချယ်ပါ။

  • Qty တွင် အရေအတွက်မည်မျှရောင်းချမည်ကိုထည့်သွင်းပါ။

  • Rate တွင် တစ်ခုချင်းရောင်းစျေးကိုသတ်မှတ်ပါ။

  • အပြည့်အစုံထည့်သွင်းပြီး မှန်ကန်ပြီဆိုပါက Save, Submit ကိုနှိပ်ပါ။

  • Sales Invoice တွင်ကြည့်ရှုပါက Paid ဟုပြနေသည်ကိုတွေ့ရမည်။

  • Primary တွင် Supplier ဟုသတ်မှတ်ထားသောကြောင့် Accounts Payable Report ကိုစစ်ဆေးပေးရပါမည်။

  • Accounts Payable ကိုစစ်ဆေးရန်အတွက် Accounting ထဲရှိ Accounts Payable ကိုနှိပ်ပါ။

  • As on date တွင်မည်သည့်နေ့အထိ ကြည့်ရှုလိုသည်ကိုရွေးချယ်ပါ။

  • Payable နှစ်ကြောင်းပေါ်နေသည်ကိုတွေ့ရမည်။ (Purchase Invoice ဆိုသည်မှာ မူလဖွင့်ထားသော အဝယ်စာရင်းဖြစ်ပြီး၊ Journal Entry ဆိုသည်မှာ Double Ledger Parties သုံးထားသောအကြောင့် ကျလာသော Transaction ဖြစ်သည်။)

  • Outstanding Amount တွင် ပေးရန်ရှိ မည်မျှကျန်နေသည်ကိုတွေ့ရမည်။

Discard
Save
Was this article helpful?

On this page