Product Bundle

ERPNext တွင် Product များကို Product Bundle အလိုက်ရောင်းလိုပါက Product Bundle များ ပြုလုပ်၍ ရောင်းချနိုင်ပါသည်။

Product Bundle များ ပြုလုပ်လိုပါက....

Product Bundle Name

Product Bundle ၏ Name (eg. သီတင်းကျွတ်လက်ဆောင်ခြင်း)ကိုဦးစွာသတ်မှတ်ပေးရန်လိုအပ်ပါသည်။

Product Bundle Name ကို Stock > Item တွင် Non-Inventory Item အနေဖြင့် Create လုပ်ပေးရပါမည်။

Stock > Item > Add Item

  • Maintain Stock ကိုအမှန်ခြစ်ဖြုတ်ပါ။

  • Include Item In Manufacturing ကိုအမှန်ခြစ်ဖြုတ်ပါ။

  • Description ထည့်လိုပါက ထည့်ပါ။

Add Product Bundle

Product Bundle Name သတ်မှတ်ပြီးပါက Product Bundle များ ပြုလုပ်ရန်အတွက်....

Selling > Items and Pricing > Product Bundle

Add Product Bundle ကိုနှိပ်ပါ။

  • Parent Item တွင် Product Bundle Name အတွက်သတ်မှတ်ထားသော Non-Inventory Item Code ကို‌ရွေးပါ။

  • Description ထည့်လိုပါက ထည့်ပါ။

  • Items တွင် Product Bundle တွင်ပါဝင်သော Stock Item Code များကိုရွေးပါ။

Save ကိုနှိပ်၍ Product Bundle များသတ်မှတ်၍ အရောင်းပြုလုပ်နိုင်ပါသည်။

Product Bundle Report

  • Product Bundle အတွက် Report ကို Product Bundle Balance Report တွင်ကြည့်၍ စစ်ဆေးနိုင်ပါသည်။

Was this article helpful?

On this page