Material Request
Material Request ဆိုသည်မှာ ပစ္စည်းများလိုအပ်သောင်ကြောင့် ထပ်မံဝယ်ယူရန် တောင်းဆိုခြင်း ၊ ပစ္စည်းလိုအပ်သောကြောင့် အခြားဂိုထောင်မှ ပစ္စည်းတောင်းခံခြင်း ၊ ပစ္စည်းများ error ဖြစ်ခြင်းကြောင့် ပစ္စည်းများ Damage ဖော်ရန်တောင်းဆိုခြင်း ၊ ပစ္စည်းများလိုအပ်သောကြောင့် ထပ်မံထုတ်လုပ်ရန် တောင်းခံခြင်း ၊ Customer ထံမှ Provide လုပ်ရမည့် Item များအတွက် တောင်းခံခြင်းများအားလုပ်ဆောင်နိုင်ပါသည်။
Material Request ထည့်သွင်းရန်အတွက်
Stock > Material Request > Add Material Request
Purpose တွင် သက်ဆိုင်ရာ purpose အားရွေးချယ်ပါ။
- Purchase သည်ပစ္စည်းဝယ်ယူရန် တောင်းခံခြင်းဖြစ်ပါက Purchase အားရွေးချယ်ပါ။
- Material Transfer သည် ပစ္စည်းများလိုအပ်သောကြောင့် အခြား Warehouse မှတောင်းခံပါက ရွေးချယ်နိုင်ပါသည်။
- Material Issue သည်မိမိ Warehouse တွင် ပစ္စည်းများ Damage ဖြစ်သောကြောင့် Damage ချရန်အတွက် တောင်းဆိုခြင်းဖြစ်ပါက ရွေးချယ်နိုင်ပါသည်။
- Manufacture သည် ပစ္စည်းများလိုအပ်သောကြောင့် ထုတ်လုပ်ရန် တောင်းခံခြင်းဖြစ်ပါက ရွေးချယ်နိုင်ပါသည်။
- Customer Provide သည် Customer ထံမှ ပစ္စည်းများအား Provide လုပ်ခြင်းဖြစ်ပါက Customer Provide အားရွေးချယ်နိုင်ပါသည်။
- Transaction Date သည် ပစ္စည်းတောင်းခံသည့်ရက်အားရွေးချယ်ပါ။
- Required By သည် ပစ္စည်းလိုအပ်သည့်ရက်အားရွေးချယ်နိုင်ပါသည်။
Set Target Warehouse တွင် ပစ္စည်းလိုအပ်သည့် Warehouse အားရွေးချယ်နိုင်ပါသည်။
Transfer Purpose အား Material Transfer ရွေးချယ်ထားပါက Source Warehouse ထပ်မံကျမည်ဖြစ်ပါသည်။ Source Warehouse တွင် ပစ္စည်းတောင်းခံထားသည် Warehouse အားရွေးချယ်နိုင်ပါသည်။
Transfer Purpose အား Customer Provide အားရွေးချယ်ထားပါက ပစ္စည်းတောင်းခံထားသည့် Customer အမည်အားရွေးချယ်နိုင်ပါသည်။
Item code တွင် ပစ္စည်းတောင်းခံထားသည့် Item များအားရွေးချယ်နိုင်ပါသည်။
ပစ္စည်းတစ်ခုထက်ပို၍ ရွေးချယ်လိုပါက Add Row နှိပ်၍ ထပ်မံရွေးချယ်နိုင်ပါသည်။
အားလုံးရွေးချယ်ပြီးပါက Save > Submit ကိုနှိပ်ပါ။
- ပစ္စည်းတောင်းခံထားသည့်အတွက် Status တွင် ပစ္စည်းများလက်ခံရရှိကြောင်း မထည့်သွင်းရသေးသည့်အတွက် Pending ဖြင့် ပြမည်ဖြစ်ပါသည်။
တောင်းခံထားသည့်ပစ္စည်းများအားထုတ်ပေးရန်အတွက်
- တောင်းခံထားသည့် Material Request ထဲသို့ဝင်၍ Create ကိုနှိပ်ပါ။
Create နှိပ်သည်အခါတွင် Request သည် Purchase ဖြစ်ပါက
Purchase Order ဖွင့်လိုပါက Purchase Order နှိပ်ပါ။
- Purchase Order ထည့်သွင်းနည်း
Supplier များထံမှ Quotaion Request တောင်းခံခြင်းဖြစ်ပါက Request for Quotation ကိုနှိပ်ပါ။
- Request for Quotation ထည့်သွင်းနည်း
Supplier တစ်ယောက်တည်းအား Quotation တောင်းခြင်းဖြစ်ပါက Supplier Quotation အားရွေးချယ်ပါ။
- Supplier Quotation ထည့်သွင်းနည်း
Create နှိပ်သည့်အခါတွင် Request သည် Transfer ဖြစ်ပါက
ပစ္စည်းတောင်းခံစာရွက်အား ဦးစွာထည့်သွင်းလိုပါက Pick list ကိုနှိပ်ပါ။
- Pick List ထည့်သွင်းနည်း
ပစ္စည်းအား Transfer ထည့်သွင်းလိုပါက Material Transfer ကိုနှိပ်ပါ။
- Material Transfer ထည့်သွင်းနည်း
ပစ္စည်းအား ဂိုထောင်ထဲသို့ တိုက်ရိုက်ထည့်သွင်းခြင်းမဟုတ်ဘဲ ကားပေါ်ရောက်၍ လာပိုနေသည့်အတွက် Transit ခံ၍ သုံးလိုပါက Material Transfer ( In Transit) အားနှိပ်ပါ။
- Material Transfer ( In Transit) ထည့်သွင်းနည်း
Create နှိပ်သည်အခါတွင် Request သည် Material Issue ဖြစ်ပါက
ပစ္စည်းအား Warehouse ထဲမှနုတ်ရန်အတွက် Issue Material ကိုနှိပ်ပါ။
- Issue Material ထည့်သွင်းနည်း
Create နှိပ်သည်အခါတွင် Request သည် Manufacture ဖြစ်ပါက
ပစ္စည်းထုတ်လုပ်ပေးရန်အတွက် work order ကိုနှိပ်ပါ။
- Work Order ထည့်သွင်းနည်း
Create နှိပ်သည်အခါတွင် Request သည် Customer Provide ဖြစ်ပါက
Customer ထံမှ ပစ္စည်းရရှိသည့်အခါတွင် ပစ္စည်းလက်ခံရရှိစာရင်းသွင်းရန်အတွက် Material Receipt ကိုနှိပ်ပါ။
- Material Receipt ထည့်သွင်းနည်း