Product Bundle
ပစ္စည်းများကို ဝယ်ယူသည့် အခါတွင် တစ်မျိုးချင်းဝယ်ယူသော်လည်း ရောင်းချသည့်အခါတွင် တွဲဖက် ရောင်းချလိုပါက Product Bundle ကို အသုံးပြုနိုင်ပါသည်။ ရောင်းချသည့် အခါတွင် Item Code တစ်ခုကို ရွေးလိုက်သည့်အခါ တစ်ခုထက်ပိုသော ပစ္စည်းများကို ရောင်းချရာတွင် အသုံးပြုနိုင်ပါသည်။
Product Bundle အသုံးပြုလိုပါက
- ဦးစွာပထမ Product Bundle Name အတွက် Item Code သတ်မှတ်ပေးရန်လိုအပ်ပါသည်။
Home > Stock > Item
- Add Item ကိုနှိပ်ပါ။
Item Name တွင် Product Name ထည့်ပါ။
Item Group တွင်သက်ဆိုင်ရာ Group ကိုထည့်ပါ။
Default Unit of Measure တွင် Stock ကောက်ရာ၌ပေါ်လိုသော UOM ကိုထည့်ပါ။
Edit in Full Page ကိုနှိပ်ပါ။
Product Bundle Name အတွက် Item Code ဖြစ်သောကြောင့် Maintain Stock နှင့် Include Item in Manufacturing တွင်အမှန်ခြစ်ဖြုတ် ပေးရန်လိုအပ်ပါသည်။
ထို့နောက် Save ကိုနှိပ်ပါ။
ထို့သို့ပေါ်လာပါက Item Price သတ်မှတ်ပေးပါ။
Price List တွင်ရောင်းမည့်ပုံစံကိုရွေးပေးပါ။
Rate တွင်ရောင်းမည့်စျေးနှုန်းကိုထည့်ပြီး Save ကိုနှိပ်ပါ၊
ထို့နောက် Product Bundle တည်ဆောက်လိုပါက....
Selling > Items and Purchasing > Product Bundle
- Add Product Bundle ကိုနှိပ်ပါ။
Parent Name တွင် Product Bundle Code ကိုထည့်ပါ။
Description တွင် ProductBundle Name ကိုထည့်ပါ။
Items တွင်Bundle တွင် ပါဝင်လိုသောItem Code များကိုထည့်ပါ။
Qty တွင် Product Bundle တွင်ပါဝင်လိုသော Item Code အရေအတွက်ကိုထည့်ပါ။
ထို့နောက် Save ကိုနှိပ်ပါ။
ထို့နောက် အရောင်းတွင် Product Bundle Item Code များကို ရွေး၍ရောင်းချနိုင်ပြီး ရောင်းလိုက်သော Product Bundle အလိုက် Stock Qty များကို Auto နှုတ်ပေးမည်ဖြစ်သည်။ (Stock Ledger တွင်စစ်ဆေးနိုင်ပါသည်။)
Product Bundle Report
- Product Bundle အတွက် Report ကို Product Bundle Balance Report တွင်ကြည့်၍ စစ်ဆေးနိုင်ပါသည်။