Sales Taxes and Charges Template
အရောင်း နှင့်ပတ်သတ်သည့်အခွန်ကောက်ခံမည့် Charges အား အရောင်းဘောင်ချာထည့်သွင်းသည့်အချိန်တွင် ရွေးထည့်ခြင်းမဟုတ်ဘဲ သက်ဆိုင်သည့် Template အားရွေးချယ်လိုက်ပါက သတ်မှတ်ထားသည့် အခွန်ကောက်ခံမည့်နှုန်းထားများ စာရင်းကျလာရန်အတွက် Sales Tax and Charges Template တွင်သတ်မှတ်နိုင်ပါသည်။
Sales Taxes and Charges Template သတ်မှတ်ရန်အတွက်
Home > Accounting Module > Taxes > Sales Taxes and Charges Template
- Add Sales Taxes and Charges Template အားနှိပ်ပါ။
- Tittle တွင်မိမိထည့်သွင်းမည့် Tax ခေါင်းစဥ်အားထည့်သွင်းပါ။
- သတ်မှတ်ထားသော template အား Sales Invoice ထည့်သွင်းသည့်အခါတိုင်း Template ရွေးချယ်ရန်မလိုဘဲ ထို template အားအမြဲတမ်း Sales Invoice Form တွင်ကျလိုပါက Is Default တွင်အမှန်ခြစ်ထည့်ပါ။
- Sales Tax and Charges အကွက်တွင် Add Row ကိုနှိပ်ပါ။
Type
Actual : အမှန်တကယ်ကျသင့်သည့် amount ပေါ်တွင်တိုက်ရိုက်တွက်မည်ဖြစ်ပါက Actual အားရွေးချယ်နိုင်သည်။ (Actual ရွေးချယ်ပါက Amount အကွက်တွင်သာ ကောက်ခံမည့် Amount အားထည့်သွင်းနိုင်မည်။)
On Net Total : ပစ္စည်းအားလုံး၏ အသားတင်စုစုပေါင်းပမာဏပေါ်တွင်တွက်မည်ဖြစ်ပါက On Net Total အားရွေးချယ်နိုင်သည်။ (On Net Total ရွေးချယ်ပါက Rate အကွက်တွင်သာ ကောက်ခံမည့် Percentage Rate အားသတ်မှတ်နိုင်မည်။)
On Previous Row Amount : Sales Tax and charges တွင် Tax အပြင်အခြားသောပေါင်းထည့်လိုသည့် ပမာဏများရှိပါက Tax တွက်ပြီးသာအကြောင်း၏ Amount ပေါ်တွင် ထပ်မံကောက်ခံသည့် amount အား တွက်မည်ဆိုပါက On Previous Row Amount အားရွေးချယ်နိုင်သည်။ (On Previous Row Amount ရွေးချယ်ပါက Rate အကွက်တွင်သာ ကောက်ခံမည့် Percentage အားသတ်မှတ်နိုင်မည်။)
On Previous Row Total : Sales Tax and charges တွင် Tax အပြင်အခြားသောပေါင်းထည့်လိုသည့် ပမာဏများရှိပါက Tax တွက်ပြီးသာအကြောင်း၏ Total ပေါ်တွင် ထပ်မံကောက်ခံသည့် amount အား တွက်မည်ဆိုပါက On Previous Row Total အားရွေးချယ်နိုင်သည်။ (On Previous Row Total ရွေးချယ်ပါက Rate အကွက်တွင်သာ ကောက်ခံမည့် Percentage အားသတ်မှတ်နိုင်မည်။)
Account Head တွင် စာရင်းထည့်သွင်းမည့် Account အားရွေးချယ်နိုင်ပါသည်။
- Rate တွင် On Net Total/On Previous Row Amount /On Previous Row Total Type များရွေးချယ်ထားပါက Rate တွင် Percentage သတ်မှတ်ပေးရမည်။
- Amount တွင် Actual Type ရွေးချယ်ထားပါကAmount တွင်သာ ကောက်ခံမည့် ငွေပမာဏ ထည့်သွင်းပေးရမည်။
- သတ်မှတ်ထားသော အကြောင်းများ၏ Edit အားနှိပ်၍
- Description ထည့်သွင်းနိုင်ပါသည်။
- Tax နှင့်ပတ်သတ်သည့် template သတ်မှတ်ခြင်းဖြစ်ပါက Is this Tax included in basic rate တွင် Taxသည် Inculsive ဖြစ်ပါက အမှန်ခြစ်ထည့်ရပါမည်။ Inclusive မဟုတ်ပါက အမှန်ခြစ်ထည့်သွင်းရန်မလိုပါ။
- Save ကိုနှိပ်ပါ။ ထည့်သွင်းလိုက်သော Tax Template အား Template List တွင်တွေ့မြင်ရမည်ဖြစ်ပါသည်။