Financial Ratio Report

ငွေရေးကြေးရေးအချိုးအစားသည် ကုမ္ပဏီတစ်ခု၏ဘဏ္ဍာရေးအခြေအနေ သို့မဟုတ် အခြားစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် စွမ်းဆောင်ရည်ကို အကဲဖြတ်ရန် အသုံးပြုသည့် တိုင်းတာသည့်အချိုးတစ်ခုဖြစ်သည်။

ထို Report ကို Company ၏ ငွေကြေးအခြေအနေ (သို့မဟုတ်) လုပ်ငန်းအခြေအနေကို သိမြင်စေရန် အများအားဖြင့် အသုံးပြုကြသည်။

Financial Ratio ကို တွက်ချက်ရာ၌ Balance Sheet , Income Statement , Cash Flow Statement,စသည့် Statement မှ Data များကို ထုတ်ယူပြီး တွက်ချက်ခြင်းဖြစ်သည်။

Ratio Report မကြည့်မီ Chart of Accounts မှ Group Account များတွင် သက်ဆိုင်ရာ Account Type များချိတ်ပေးရန် အရေးကြီးပါသည်။ (ဥပမာ Current Assets Group Account ကို Current Assets Account Type ချိတ်ပေးရမည်ဖြစ်ပါသည်။ )

Financial Ratio တွင် အချိုးအမျိုးအစား 3 မျိူးရှိပါသည်။

Liquidity Ratio - ငွေဖြစ်လွယ်မှုအချိုး

Debt Equity Ratio - အမြတ်ရရှိမှု အချိုး

Turnover Ratios - အကျိုးဖြစ်ထွန်းမှုအချိုး

Liquidity Ratio - ငွေဖြစ်လွယ်မှု အချိုး

Liquidity Ratio ဆိုသည်မှာ Company က ပေးရန်သောအကြွေး များကိုဆပ်နိုင်စွမ်း ရှိမရှိ ဆိုတာ တိုင်းတာတွက်ချက်ခြင်းဖြစ်ပါတယ်။

Liquidity Ratio တွင် Current Ratio နှင့် Quick Ratio ဟူ၍ 2 မျိုးရှိပါသည်။

Current Ratio ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ ကာလတိုတာဝန်များ (သို့မဟုတ်) တစ်နှစ်အတွင်း ပေးဆောင်ရမည့် အရည်အချင်းကို တိုင်းတာသည့် အချိုးဖြစ်ပါသည်။

Current Ratio = Current Assets/ Current Liabilities

Balance Sheet Statement ဘက်က Current Assets Total ကို Current Liabilities Total ဖြင့် စားလိုက်လျှင် Current Ratio ရလာမည်ဖြစ်ပါသည်။

Current Ratio ကို Financial Ratio Report တွင် တွေ့ရမည်ဖြစ်ပါသည်။

Quick Ratio ဆိုသည်မှာ ငွေသားအဖြစ်သို့ အလွယ်တကူ ပြောင်းလဲနိုင်သော ပိုင်ဆိုင်မှုများ ရှိခြင်းဖြင့် လုပ်ငန်းတစ်ခု၏ ရေတိုချေးငွေများ ပေးချေနိုင်မှုစွမ်းရည်ကို တိုင်းတာသော အချိုးဖြစ်ပါသည်။

Quick Ratio = (Current Assets - Inventory)/Current Liabilities

Balance Sheet Statement က Current Assets Toltal မှ Inventory Total ကို နှုတ်ပြီးရလာသည့် Amount ကို Quick Asset ဟု ခေါ်ပါသည်။

ထို Qucik Asset ကို Current Liabilities Total ဖြင့် စားလိုက်လျှင် Quick Ratio ရလာမည် ဖြစ်ပါသည်။

Quick Ratio ကို Financial Ratio Report တွင် တွေ့ရမည်ဖြစ်ပါသည်။

Debt Equity Ratio- ကြွေးမြီအချိုး

Debt Equity Ratio ဆိုသည်မှာ Company များ၏ ပိုင်ဆိုင်မှုများကို ငွေကြေးထောက်ပံ့ရန် ရှယ်ရာများနှင့်ကြွေးမြီအချိုးအစားများကို ဖော်ပြသော ငွေကြေးအချိုးအစားဖြစ်ပါသည်။

Debt Equity Ratio တွင် Debt Equity Ratio ,Gross Profit Ratio , Net Profit Ratio, Return on Asset Ratio , Return on Equity Ratio တို့ပါဝင်ပါသည်။

Debt Equity Ratio- ကြွေးမြီအချိုး

Debt Equity Ratio = Total Liabilities / SHF

Balance Sheet Statement မှ Assets Total ကို Liabilities Total ကို နှုတ်လိုက်လျှင် SHF ကို ရမည်ဖြစ်ပါသည်။

SHF သည် Balance Sheet Statement မှ Equity Total နှင့် Provisional Profit / Loss (Credit)တို့ပေါင်းခြင်းလည်းဖြစ်ပါသည်။

ထို့နောက် Liabilities Total ကို SHF ဖြင့် စားလိုက်လျှင် Debt Equity Ratio ကို ရမည်ဖြစ်ပါသည်။

Debt Equity Ratio ကို Financial Ratio တွင် တွေ့ရမည်ဖြစ်ပါသည်။

Gross Profit Ratio ဆိုသည်မှာ အကြမ်းအမြတ်အချိုးဖြစ်ပါသည်။

Gross Profit Ratio = (Net Sales - COGS)/Net Sales

Profit and Loss Statement မှ ရောင်းလို့ရသော ဝင်ငွေ စုစုပေါင်း Net Sales Accounts(Direct Income) ကို ကုန်ရောင်းကုန်ကျစရိတ်ဖြစ်သော COGS Account (Stock Expenses) ဖြင့် နှုတ်ပါ။ ထို့နောက် ရလာသော Amount ကို Net Sales(Direct Income) ဖြင့်စားပါက Gross Profit Ratio ကို ရလာမည်ဖြစ်ပါသည်။

Gross Profit Ratio ကို Financial Ratio တွင် တွေ့ရမည်ဖြစ်ပါသည်။

Discard
Save
Was this article helpful?

On this page