Period Closing Voucher

ကာလအလိုက် စာရင်းပိတ်နည်း Period Closing V13

ERPNext တွင် စာရင်း ကာလတစ်ခုအတွက် (ဥပမာ လချုပ်အလိုက်) အရှုံးအမြတ် စာရင်းများ ပိတ်လိုပါက Period Closing Voucher ဖွင့်၍ စာရင်းပိတ်ပေးရပါမည်။ ထိုသို့ Period Closing ပိတ်ပေးခြင်းဖြင့် လုပ်ငန်း၏ စာရင်းကာလ အသစ်တွင် အရှုံးအမြတ် စာရင်းများကို သက်ဆိုင်ရာ Equity Account များသို့ လွှဲပြောင်းစာရင်းသွင်းနိုင်မည်ဖြစ်ပြီး စာရင်းကာလအသစ်တွင် Profit and Loss ဖက်ခြမ်းရှိ စာရင်းခေါင်းစဉ်များအားလုံး၏ Amount များကို reset လုပ်ပေးမည် ဖြစ်ပါသည်။

Period Closing Voucher မ Run ခင်

Period Closing Voucher မ Run ခင်တွင် Profit and Loss Report တွင် လအလိုက် Profit of the year Amount အောက်ပါအတိုင်း ပြပေးနေမည်ဖြစ်သည်။

(

ထို Profit and Loss Report ရှိ Profit of the year Amount ကို Balance Sheet Report တွင် Provisional Profit/Loss အနေဖြင့်ပြပေးနေမည်ဖြစ်သည်။

Period Closing Voucher ဖွင့်ခြင်း

  • Accounting > Period Closing Voucher List ကိုနှိပ်ပါ။
  • Add Period Closing Voucher ကိုနှိပ်ပါ။

  • Transaction Date တွင် Closing ပိတ်လိုသော နေ့ကို ရွေးချယ်ပါ။
  • Posting Date တွင် Period Closing Voucher ဖွင့် သော နေ့ကိုရွေးချယ်ပါ။
  • Closing Fiscal Year ရွေးချယ်ပါ။
  • Closing Account Head တွင်Account ရွေးချယ်ပါ။ (Equity Account ကိုရွေးချယ်ပါ)
  • Remark ထည့်ပါ။
  • Save > Submit နှိပ်၍ Period Closing ပိတ်နိုင်ပါသည်။

Period Closing Voucher Run ပြီးပါက Balance Sheet Report တွင် Provisional Profit/Loss ကို Zero Balance အနေဖြင့်ပြပေးနေမည်ဖြစ်သည်။

Period Closing ပိတ်ပြီး သော စာရင်းကာလရှိ စာရင်းများကို ပြန်လည်ပြုပြင် လို့မရအောင် ပိတ်ထားချင်ပါက ....... Setting > Account Setting ကိုနှိပ်ပါ။

Accounts Frozen Till Date တွင် Date Lock လုပ်လိုသော Date ကိုထည့်၍ စာရင်းပြန်ပြင်ခွင့်များကို ပိတ်ထားနိုင်ပါသည်။

Was this article helpful?

On this page